By ansoe on Skatehive
အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ..... Hive-Myanmar မှာ စာရေးမတင်ဖြစ်ခဲ့တာ နည်းနည်းတောင်ကြာသွားခဲ့ပြီ။ ပျင်းလို့လည်း မဟုတ်သလို မအားလို့လည်းမဟုတ်ပါဘူး။ ဖတ်မယ့်သူမရှိလို့ မရေးဖြစ်ခဲ့တာပါ 😁 ခုတော့ လူငယ် လူကြီး အတော်များများ အသုံးပြုနေကြတဲ့ အီးစီးကရက်ဆိုလား ဘိတ်ဆိုလား အဲဒီအကြောင်းနည်းနည်းလေးလောက် ရေးတင်ပြီး သတိပေးချင်တာကြောင့် ဖတ်ဖတ် မဖတ်ဖတ် ရေးတင်ရပါတယ်။ ခေတ်စားနေသလို ဈေးလည်းအတော်ကြီးမလားပဲ။ စာနည်းနည်းလောက်ရှည်သွားပေမယ့် ဖတ်ကြည့်စေချင်ပါတယ်။ _____ ____ အဲဒီ အီး စီးကရက်(Electric Cigarette)တွေဟာ ၂၀၀၃ ခုနှစ်ကုန်ပိုင်းလောက်က တရုတ်နိုင်မှာ စတင်ထုတ်လုပ်ရောင်းချခဲ့တယ်လို့ သိရပါတယ်။ အခုဆိုရင် နှစ်ပေါင်း(၂၀)ပြည့်တော့မှာဖြစ်သလို အီး စီးကရက်ကို အသုံးပြုတဲ့သူတွေ ပိုမိုများပြားလာတာကို ပတ်ဝန်းကျင်မှာ တွေ့နေရပါတယ်။ အီး စီးကရက်ဆိုတာက အီလက်ထရောနစ် စနစ်နဲ့ ပြုပြင်ဖန်တီးပြီး စီးကရက်လို မီးခိုးငွေ့ထွက်အောင် ဖန်တီးထားတဲ့ ပစ္စည်းတစ်ခုပဲဖြစ်ပါတယ်။ စီးကရက်လိုဖြစ်အောင် အတုယူဖန်တီးထားခြင်းဖြစ်ပါတယ်။ အီလက်ထရောနစ် စီးကရက်လို့ အမည်တပ်ထားသလို တကယ့် စီးကရက်နဲ့အတူတူပဲလို့ ဆိုပါတယ်။ မူလထုတ်လုပ်သူရဲ့ရည်ရွယ်ချက်က ဆေးလိပ