By donjaun on Skatehive
မနေ့က United ပွဲကို အာရုံရောက်နေတာနဲ့ UCL Quarter-Finals ဒုတိယကျော့ ပွဲစဉ်တွေ ရှိတာ မေ့သွား၏။ ဒီနေ့ မြန်မာစံတော်ချိန် မနက် ၁ နာရီခွဲမှာ Atletico Madrid vs Barcelona, Liverpool vs PSG တို့ ယှဉ်ပြိုင် ကစားခဲ့ကြ၏။ ပထမကျော့မှာတုန်းက Atletico Madrid က Barcelona ကို ၀-၂ ဖြင့် လည်းကောင်း၊ PSG က Liverpool ကို ၂-၀ ဖြင့် လည်းကောင်း အသီးသီး အနိုင်ရထားခဲ့၏။ အနိုင်ရထားသည့် အသင်းတွေထက် ရှုံးနိမ့်ထားသည့် အသင်းတွေက ဖိအား ပိုများနေမည် ဖြစ်၏။ Atletico Madrid vs Barcelona ပွဲစဉ်မှာတော့ ဧည့်သည် Barcelona က ပွဲ စကတည်းက တိုက်စစ်ဆင် ကစားခဲ့၏။ အနည်းဆုံး ၂ ဂိုး ပြန်သွင်းရမှာမို့ သူတို့ ဂိုးရဖို့ လို၏။ ၄ မိနစ်နှင့် ၂၄ မိနစ်တို့မှာ Barcelona အသင်း ဂိုးဆောင်ဂိုးတွေ သွင်းယူနိုင်ခဲ့၏။ သို့သော် ၃၁ မိနစ်မှာ Atletico Madrid တို့ ချေပဂိုး ၁ ဂိုး ပြန်လည် သွင်းယူခဲ့၏။ ၇၉ မိနစ်မှာ Barcelona ကစားသမား တိုက်ရိုက် အနီကဒ်ဖြင့် ထုတ်ပယ်ခံခဲ့ရပြီးနောက်မှာ ပွဲက ပြီးသလောက် ရှိသွားခဲ့လေ၏။ နှစ်ကျော့ပေါင်း ၃-၂ ဖြင့် Atletico Madrid အသင်း ဆီမီးဖိုင်နယ် Semifinal အဆင့်သို့ တက်လှမ်း သွားခဲ့လေ၏။ Liverpool vs PSG ပွဲစဉ်မှာတော့ ဧည့်သည် PSG