By donjaun on Skatehive
Super Sunday ပွဲစဉ်တွေက ဘောလုံးချစ်သူ ပရိတ်သတ်များကို ဖျော်ဖြည်မှု အပြည့် ပေးခဲ့၏။ ထင်မှတ်ထားပေမဲ့ မထင်မှတ်ထားသည့် ရလဒ်တွေလည်း ထွက်ပေါ်ခဲ့လေ၏။ ဥပမာ Chelsea vs Man City ပွဲစဉ် ဖြစ်လေ၏။ အိမ်ရှင် Chelsea တို့ Man City ကို ၀-၃ ဖြင့် ဂိုးပြတ်ကို ရှုံးနိမ့်သွားခဲ့ရလေ၏။ မနေ့က Arsenal vs Bournemouth ပွဲစဉ်မှာ Bournemouth က ၁-၂ ဖြင့် အနိုင်ရသွားသဖြင့် Arsenal အတွက် စိုးရိမ်စရာ ဖြစ်ခဲ့ပေမဲ့ City အတွက်တော့ အားတက်စရာ ဖြစ်သွားခဲ့၏။ ထို့ကြောင့် City တို့ အားကုန်ထုတ် ကစားသွားလို့ ဂိုးပြတ် အနိုင်ရသွားတာလား၊ ဒါမှ မဟုတ် Chelsea ကပဲ တမင်များ ဟပေးလိုက်လေသလား။ ချေပဂိုးလေးတောင် ပြန်မသွင်းနိုင်သဖြင့် မေးခွန်းထုတ်စရာ ဖြစ်ခဲ့၏။ ကျန်အချိန်ဆို ကိစ္စ မရှိပေမဲ့ ခုက Arsenal ရှုံးပွဲတွေ့ထားချိန် မလား။ မပြေးသော်လည်း ကန်ရာ ရှိပေါ့။ လန်ဒန် မြို့ခံခြင်း စည်းလုံးရမယ့်ဟာကို သစ္စာဖောက်ကြပြီ ထင်ပါရဲ့။ ယခုနိုင်ပွဲကြောင့် City တို့ Arsenal နှင့် တပွဲလျော့ ၆ မှတ်ကွာ အနေအထားသို့ ရောက်လာခဲ့ပြီ ဖြစ်၏။ နောက်ထပ် ထင်မှတ်မထားသည့် ရလဒ်ထွက်ပေါ်သည့်ပွဲက Sunderland vs Tottenham ဖြစ်လေ၏။ West Ham က Leeds ကို ၄-၀ ဖြင့် နိုင်လိုက်သောကြောင့်