By donjaun on Skatehive
EPL Round 31 ရဲ့ လက်ကျန် ပွဲစဉ် အချို့ ဆက်လက် ကစားကြပါတယ်။ New Castle vs Sunderland ပွဲစဉ်မှာတော့ ဧည့်သည် Sunderland အသင်းက ၁-၂ ဖြင့် အနိုင်ရသွားခဲ့ပါတယ်။ ယခု နိုင်ပွဲကြောင့် Sunderland အနေဖြင့် ၄၃ မှတ်နဲ့ အဆင့် ၁၁ နေရာကို တက်လှမ်းလာပြီး New Castle ကတော့ ၄၂ မှတ်နဲ့ အဆင့် ၁၂ နေရာမှာ ရပ်တည်နေပါတယ်။ Aston Villa vs West Ham ပွဲစဉ်မှာတော့ အိမ်ရှင် Aston Villa က ၂-၀ ဖြင့် အနိုင်ရသွားခဲ့ပါတယ်။ UCL ဝင်ခွင့် vs တန်းဆင်းဇုန် လွတ်မြောက်ရေး ယှဉ်ပြိုင်ကြသည့် ပွဲမှာ UCL ဝင်ခွင့်သမားက အသာရသွားခဲ့ပါတယ်။ အနီးကပ် ဖိအားပေးနေတဲ့ Liverpool, Chelsea တို့ရဲ့ ရှုံးနိမ့်မှုကို Aston Villa တို့ ကောင်းစွာ အသုံးချသွားနိုင်ခဲ့ပါတယ်။ ယခု နိုင်ပွဲကြောင့် အဆင့် ၄ နေရာမှာ ဆက်လက် ရပ်တည်နေပြီး အဆင့် ၅ က Liverpool ကို ၅ မှတ် ဖြတ်ထားနိုင်ခဲ့ပါတယ်။ West Ham အနေနဲ့ ယခု ရှုံးပွဲကြောင့် တန်းဆင်းဇုန်မှာပဲ ဆက်လက် ရပ်တည်နေပါတယ်။ Tottenham vs Nottm Forest ပွဲစဉ်မှာတော့ ဧည့်သည် Nottm Forest က ၀-၃ ဖြင့် ဂိုးပြတ် အနိုင်ရသွားခဲ့ပါတယ်။ အိမ်ရှင် Tottenham အတွက် တကယ်ကို စိတ်ပျက် စရာပါ။ West Ham အသင်းက Aston Villa ကို ရှုံးနိမ့်သွားလို့သ