By donjaun on Skatehive
ဒီတပတ်မှာ EPL ပွဲစဉ်များ ကစားမည် ဖြစ်၏။ ဒီနေ့မှာ ၂ ပွဲ၊ နက်ဖြန် တနင်္ဂနွေနေ့မှာ ၇ ပွဲ၊ အင်္ဂါနေ့မှာ ၁ ပွဲ ကစားမည် ဖြစ်၏။ Burnley vs Bournemouth, Sunderland vs Brighton အစရှိသည့် ပွဲစဉ် ၂ ပွဲ ကစားကြမည် ဖြစ်၏။ အမှတ်ပေးဇယား ရပ်တည်မှု အရ Bournemouth က အဆင့် ၉ Burnley က အဆင့် ၁၉ မှာ ရပ်တည်နေ၏။ တန်းဆင်းဇုန် ရုန်းအားဟု ပြောလို့ရပေမဲ့ Burnley အနေဖြင့် တန်းဆင်းရဖို့တော့ များနေပြီ ဖြစ်၏။ မည်သို့ပင် ဆိုစေ အိမ်ကွင်းမို့ အားထုတ် ကစားသွားဖို့ ရှိနေ၏။ Bournemouth အသင်း၏ EPL မှာ ၉ ပွဲဆက်တိုက် မတွေ့သေးသည့် မှတ်တမ်းကိုလည်း သူတို့ ချေဖျက်ပြချင်ပေလိမ့်မည်။ အမှတ်ပေး ဇယား အလယ်အလတ် ၂ သင်း တွေ့ကြသည့် Sunderland vs Brighton ပွဲစဉ်မှာတော့ အိမ်ရှင် Sunderland တို့ အနေဖြင့် အခွင့်အရေးပိုရှိနေခဲ့၏။ ပထမကျော့ Brighton အိမ်ကွင်းမှာ ဂိုး မရှိ သရေကျထားခဲ့၏။ နောက်ပိုင်း ပွဲစဉ်တွေမှာ နိုင်တလှည့် ရှုံးတလှည့် ရလဒ်အားဖြင့် မတည်မငြိမ် ဖြစ်နေပေမဲ့ အိမ်ကွင်းမှာတော့ Brighton ကို အနိုင်ယူပြီး လက်ရှိ နေရာကို ထိန်းထားဖို့ ရှိနေ၏။ အဆင့် ၁၁ နှင့် ၁၄ ဆိုပေမဲ့ ၃ မှတ်သာ ကွာ၏။ EPL ပွဲတွေက ည ၉ နာရီခွဲမှ ကစားမှာ ဆိုတော့ အစောပိုင်း ပွဲစဉ်တ