By donjaun on Skatehive
EPL Round 32 ပွဲစဉ်များ ဒီတပတ်မှာ ပြန်လည်လို့ ကစားမည် ဖြစ်၏။ ဒီနေ့ မနက် ၁ နာရီခွဲမှာ အစောဆုံး ပွဲစဉ် အဖြစ် West Ham vs Wolves တို့ ယှဉ်ပြိုင် ကစား၏။ West Ham က ၄-၀ ဖြင့် ဂိုးပြတ် အနိုင်ရသွားခဲ့၏။ ယခု နိုင်ပွဲကြောင့် Tottenham ထက် ၁ ပွဲ ပိုကစားထားပြီး တန်းဆင်းဇုန်၏ အထက် အဆင့် ၁၇ နေရာမှာ ရပ်တည်နေ၏။ Tottenham အနေဖြင့် နက်ဖြန် တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ည ၇ နာရီခွဲမှာ Sunderland အသင်းနှင့် အဝေးကွင်းမှာ ယှဉ်ပြိုင် ကစားရမည် ဖြစ်၏။ လက်ရှိမှာ West Ham က ၁ ပွဲသာ ၃၂ မှတ်၊ Tottenham က ၁ ပွဲလျော့ ၃၀ မှတ်ဖြင့် ၂ မှတ်ကွာနေ၏။ Tottenham အနေဖြင့် Sunderland ကို သရေ သို့မဟုတ် ရှုံးနိမ့်ခဲ့ပါက အဆင့် ၁၈ ဖြင့် တန်းဆင်းဇုန်ထဲ ကျရောက် သွားမည် ဖြစ်၏။ အဆင့် ၁၅ မှ Leeds က ၃၃ မှတ်၊ အဆင့် ၁၆ မှ Nottm Forest က ၃၂ မှတ် ဆိုတော့ တန်းဆင်းဇုန် ၁ နေရာ အတွက် အဆိုပါ ၄ သင်းထဲက ၁ သင်းသင်း ရရှိသွားနိုင်၏။ ချန်ပီယံ ဘယ်သူ ဆိုတာထက် ဘယ်အသင်း တန်းဆင်းသွားရမလဲက ပိုပြီး စိတ်ဝင်စားဖို့ ကောင်းနေခဲ့၏။ ချန်ပီယံက Arsenal မဟုတ်ရင် Man City သာ ဖြစ်ဖို့ ရှိ၏။ လက်ကျန်ပွဲနှင့် လက်ရှိ ရမှတ်အရ Arsenal သာ ချန်ပီယံ ဖြစ်ဖို့ များနေခဲ့၏။ လက်ရှ