By donjaun on Skatehive
April 8 ရက်နေ့က တူတော်မောင်၏ ရှင်ပြု အလှူ ဖြစ်လေ၏။ အလှူနေ့ မတိုင်ခင် ရှေ့ရက်တွေ ကတည်းက အလုပ်တွေ ရှုပ်၊ အလုပ်တွေ များနေခဲ့၏။ အကြီးအကျယ်တော့ မဟုတ်ပေ။ ဒီအတိုင်း အကျဉ်းချုံးသာ လုပ်ခြင်း ဖြစ်၏။ အကျဉ်းချုံး ဆိုပေမဲ့ ဖြည့်ရင်း ဖြည့်ရင်း ရှင်လောင်းလှည့် မပါတာက လွဲလို့ ကျန်တာကတော့ အလှူကြီးတွေနဲ့ သိပ်ထူးမခြားပင်။ အလှူ ကိစ္စ၊ ပြိုင်ပွဲ ကိစ္စတွေနဲ့ ကျနော်လည်း စာ ကောင်းကောင်း မရေးနိုင် မရေးဖြစ်ပေ။ ထို့ကြောင့် ပိုစ့်လည်း မတင်ဖြစ်ပေ။ ခုရက်မှ စလို့ ပုံမှန် ပိုစ့် ပြန်တင်ဖြစ်ပေတော့မည်။ အလှူ ပြီးနောက်ရက် လူက တကိုယ်လုံး ကိုင်ရိုက်ထားသည့် နှယ်။ ကိုက်ခဲလို့ နေ၏။ မနည်းကောင်း အိပ်ရာ ထရ၏။ 7 ရက်နေ့မှာ အမျိုးတွေ တက်လာကြ၏။ 9 ရက်နေ့မှာ ပြန်၏။ 3 ရက်လုံး ကျနော် မအားပေ။ 9 ရက်နေ့မှာက ကျနော်တို့အသင်း ကွာတားဖိုင်နယ် အဆင့် ယှဉ်ပြိုင်ကစားရ၏။ ဆိုတော့ကာ တယောက်ထဲ လည်ထွက်နေတော့၏။ စိတ်မောလူပန်းနှင့်။ သင်္ကြန်တွင်းတော့ ကောင်းကောင်း အနားရမယ် ထင်ပါရဲ့။ သို့ပေမဲ့ ဆပ်စရာ content အကြွေးတွေကလည်း ရှိနေသေး၏။ အိမ်း နည်းနည်းတော့ ထပ်မောရပေလိမ့်ဦးမည်။ အလှူက ဒံပေါက် ကျွေး၏။ အော်ဒါမှာလိုက်ခြင်း ဖြစ်၏။ အာရုဏ်ကိုက နို့စိမ်းခေါက်ဆွဲ လှူဒါန်း က