By donjaun on Skatehive
နေမကောင်းတာ တဖြည်းဖြည်းတော့ သက်သာလာခဲ့ပြီ။ လည်ပင်းနာ၊ ချောင်းဆိုးတော့ ကျန်နေသေး၏။ ချောင်းက တော်တော်ကို ဆိုး၏။ ဒီရက်ပိုင်းမှ အနည်းငယ် သက်သာ၏။ ဆိုးနေတုန်းကများဆို မျက်ရည်တွေပါဝဲတဲ့အထိပင်။ ကော်ဖီလည်း မသောက်ရနဲ့ အတော်လေး ဆိုးလှ၏။ တရက်သားကလည်း လက်ဖက်သုပ် စားလိုက်တာ ပြန်ဆိုးပါလေရော။ သို့နှင့် လက်ဖက်သုပ်ပါ မစားရတော့ပေ။ လက်ဖက်သုပ်နှင့် ကော်ဖီက ကျနော် ကြိုက်သည့် အစားအသောက်တွေထဲမှာ ပါ၏။ ညီဝမ်းကွဲက သူ့ကားကိစ္စ လာလုပ်ရင်း နှစ်ပြန်ကြော် လက်ဆောင်ပေးသွား၏။ ကိုယ့်မှာ မြင်သာ မြင်နေရတာ မကြင်ရသည့် အဖြစ်။ အာလူးကြော်တွေလည်း ရှိသေး၏။ ကျနော်တို့ Futsal ကစားနေကြ ကွင်းက ဘောစိက အာလူးကြော် လုပ်ငန်းပါ လုပ်၏။ အာလူးကြော် အကြေအခြမ်းများကို ပိဿာချိန်နဲ့ တောင်းဝယ်ထား၏။ အထုပ်ထက်စာရင် အဲ့တာက ပိုတန်၏။ နည်းနည်းတော့ ကြေသပေါ့။ နို့ပေမဲ့ စားလို့ဖြစ်ပါ၏။ သူက အာလူးကြော်ကို အရသာ လေးမျိုးနှင့် ထုတ်၏။ လေးမျိုးလုံး စားကောင်း၏။ မြေပဲဆံလည်း ကျနော် ကြိုက်သေး၏။ မကြာခဏ ကြော်ဖြစ်၏။ တခါတလေ ဟင်းကပ်သဘောမျိုး စား၏။ ထမင်းဆီဆမ်း ကြက်ကြော်၊ အမဲကြော်၊ မြေပဲဆံ အစရှိသည်တို့နှင့် တွဲစား ဖြစ်၏။ နို့ပေမဲ့ လောလောဆယ် လက်ဖက်သုပ်ကော၊ အာလူးကြော်ကော၊ မြေပ