By donjaun on Skatehive
Super Sunday ရဲ့ EFL Cup ဗိုလ်လုပွဲမှာ City တို့ Arsenal ကို ၀-၂ ဖြင့် အနိုင်ရပြီး ၉ ကြိမ်မြောက် ချန်ပီယံ ဖြစ်ခဲ့လေ၏။ နည်းပြ Guardiola အနေဖြင့်လည်း EFL ချန်ပီယံဆုကို ၅ ကြိမ် မြောက် အဖြစ် ရယူသွားနိုင်ခဲ့၏။ ၅ ကြိမ်မြောက်ဖြင့် အအောင်မြင်ဆုံး နည်းပြ အဖြစ်လည်း စာရင်း ဝင်သွားခဲ့လေ၏။ Barcelona, Bayern Munchen နှင့် လက်ရှိမှာ Man City ကို နည်းပြပေးနေသည့် Guardiola အနေဖြင့် အောင်မြင်မှုတွေလည်း များစွာ ရရှိခဲ့ပြီး ဖြစ်၏။ ၂၀၀၇ မှာ Barca Atletic အသင်းကို စတင် ကိုယ်တွယ်ပြီး နည်းပြ ခရီးလမ်းကို စတင်ခဲ့၏။ တနှစ်တာ ကိုယ်တွယ်ခဲ့ပြီး ၂၀၀၈ မှာတော့ Barcelona အသင်းကြီးကို ကိုင်တွယ်၏။ ၂၀၀၈ မှ ၂၀၁၂ လေးနှစ်တာ အတွင်းမှာ Barcelona နှင့်အတူ La Liga ချန်ပီယံ ၃ ကြိမ်၊ UCL ချန်ပီယံ ၂ ကြိမ် နှင့် အခြား ပြည်တွင်း၊ ပြည်ပ ဖလားတွေ ရယူနိုင်ခဲ့၏။ ၂၀၁၃ မှာတော့ Bayern Munchen အသင်းသို့ ပြောင်းရွှေ့ခဲ့၏။ ၂၀၁၃ မှ ၂၀၁၆ သုံးနှစ်တာ အတွင်း Bundesliga ချန်ပီယံ ၃ ကြိမ် နှင့်အတူ ပြည်တွင်း ပြည်ပ ဖလားတွေ ရရှိခဲ့၏။ ၂၀၁၆ ဘောလုံးရာသီအပြီးမှာတော့ လက်ရှိ ကိုင်တွယ်နေသည့် Man City အသင်းသို့ ပြောင်းရွှေ့ခဲ့၏။ Man City နှင့်အတူ EPL ချန်ပီယံ ၆ ကြ