By donjaun on Skatehive
ဒီရက်ပိုင်းထဲ ရုပ်ရှင်တွေ အတော်လေး ကြည့် ဖြစ်၏။ နေမကောင်း ဖြစ်နေချိန် ဘာမှလည်း မယ်မယ်ရရ မလုပ်ချင်နေတာနဲ့ နည်းနည်းသက်သာတာနဲ့ ဇာတ်ကား ကြည့်နေတော့တာပဲ။ တောက်လျောက်တော့ မဟုတ်ပေ။ နားလိုက် ကြည့်လိုက်၊ ကြည့်လိုက် နားလိုက်နဲ့ပေါ့။ Series တွေပါ ကြည့် ဖြစ်၏။ ပုံမှန်ဆိုရင်တော့ series တွေ သိပ်မကြည့် ဖြစ်ပေ။ အချိန် မပေးနိုင်သောကြောင့် ဖြစ်၏။ ခုကြည့် ဖြစ်တယ်ဆိုတာကလည်း အပိုင်း ၂၀ မကျော်သည့် series တွေသာ ကြည့်ဖြစ်ခြင်း ဖြစ်၏။ မှတ်မိသလောက် ခုချိန်ထိ K series ၄ ခုလားပဲ ကြည့်ဖူးခဲ့၏။ တထိုင်ထဲ တဆက်ထဲ မဟုတ်ဘဲ အားတဲ့အချိန် ခွဲကြည့်ရင်း တရက် သို့မဟုတ် နှစ်ရက်တော့ ကြာ၏။ အညွှန်းကောင်း အမြည်းကောင်းသည့်ကားမျိုးတွေ ရွေးကြည့် ဖြစ်၏။ Series ထက် တကားထဲ အပြီး ဇာတ်လမ်း ရုပ်ရှင်တွေကို ပိုပြီး ကြည့် ဖြစ်ပါ၏။ လောလောလတ်လတ် ကြည့်ပြီးသွားတဲ့ K series ကဝော့ The Judge Returns ဖြစ်၏။ ၁၄ ပိုင်းထဲဆိုတော့ အဆင်ပြေ၏။ ကြည့်လို့လည်း ကောင်း၏။ ဇာတ်လမ်းအကြောင်း ပြောပြနေရင် မကြည့်ရသေးသူတွေ ကြည့်ရတာ ပေါ့သွားမစိုးလို့ မပြောနေတော့ပေ။ Devil Judge series ကို ကြိုက်နှစ်သက်သူများ ဒီ series ကိုလည်း နှစ်သက် ပေလိမ့်မည်။ မင်းသားက Ji Sung ဖြစ်၏။ မကြ