By donjaun on Skatehive
ဒီတပတ်မှာ EPL Round 31 ပွဲစဉ်များ ကစားမည် ဖြစ်၏။ ဒီတပတ်ရဲ့ အစောဆုံး ပွဲစဉ် အဖြစ် Bournemouth vs Man United ပွဲစဉ် မနက် ၂ နာရီခွဲမှာ ကစားသွားခဲ့၏။ ၂-၂ ဖြင့် သရေကျသွားခဲ့၏။ ပထမပိုင်းမှာ ဘယ်သူကမှ ဘယ်သူ့ကို ဂိုးမသွင်း နိုင်ကြပေ။ ဒုတိယပိုင်း ရောက်မှသာ ဂိုးတွေ သွင်းယူနိုင်ခဲ့ခြင်း ဖြစ်၏။ ၆၁ မိနစ်မှာ Man United အသင်းက ဦးဆောင်ဂိုး သွင်းယူခဲ့၏။ ၆၇ မိနစ်မှာ Bournemouth က ပြန်လည် ချပ၏။ ၇၁ မိနစ်မှာ Man United တို့ ဒုတိယဦးဆောင်ဂိုး ရရှိခဲ့၏။ ၈၁ မိနစ်မှာတော့ Bournemouth တို့ သရေဂိုး ပြန်လည်လို့ သွင်းယူနိုင်ခဲ့၏။ ၇၈ မိနစ်မှာ United ကစားသမား Harry Maguire တိုက်ရိုက် အနီကဒ်ဖြင့် ထုတ်ပယ်ခြင်း ခံခဲ့ရ၏။ Bournemouth တို့ အနေဖြင့် ၁၁ ပွဲဆက် ရှုံးပွဲ မရှိ မှတ်တမ်းကို ပိုင်ဆိုင်သွားခဲ့၏။ ပြီးခဲ့တဲ့ တပတ်မှာ Aston Villa ကို အိမ်ကွင်းမှာ ၃-၁ ဖြင့် နိုင်ခဲ့ပြီး ယခု တပတ် အဝေးကွင်းမှာတော့ Bournemouth ကို သရေသာ ကစားနိုင်ခဲ့၏။ Bournemouth အနေဖြင့် ရှုံးပွဲ မရှိပေမဲ့ သရေပွဲတော့ နည်းနည်းပိုများနေခဲ့၏။ Bournemouth အနေဖြင့် Round 32 မှာ Arsenal နှင့် အဝေးကွင်းမှာ ယှဉ်ပြိုင် ကစားသွားရမည် ဖြစ်၏။ ၁၂ ပွဲဆက် ရှုံးပွဲမရှိ စံချ