By donjaun on Skatehive
EPL Round 31 ရဲ့ ပွဲစဉ်အချို့ မနေ့ညနဲ့ ဒီနေ့ မနက် အစောတွေမှာ ကစားသွားခဲ့ပါတယ်။ ထင်မှတ်မထားတဲ့ ရလဒ်တွေ ထွက်ပေါ်ခဲ့ပါတယ်။ ပြောရရင် အသင်းကြီး အခြေမလှတဲ့ ရက်သတ္တပတ်လို့ ဆိုရမှာပါ။ မနေ့က အစော ပွဲစဉ်မှာ United က Bournemouth နဲ့ ၂-၂ သရေကျခဲ့ပါတယ်။ Liverpool က Brighton အဝေးကွင်းမှာ ကို ၂-၁ ဖြင့် ရှုံးခဲ့ပါတယ်။ Chelsea ကလည်း Everton ကို အဝေးကွင်းမှာ ၃-၀ နဲ့ကို ရှုံးသွားခဲ့ပါတယ်။ United ရဲ့ သရေကျမှုအပေါ်မှာ Liverpool တို့ အခွင့်အရေး မယူနိုင်ခဲ့ပါဘူး။ သူတို့သာ Brighton ကို အနိုင်ရမယ်ဆိုရင် အမှတ်ကွာဟချက်ကို လျော့ချပြီး အနီးကပ် ဖိအားဆက်ပေးနိုင်မှာ ဖြစ်ပေမဲ့ ခုလို ရှုံးနိမ့်သွားရတော့ နည်းနည်းခက်ခဲသွားနိုင်ပါတယ်။ Liverpool အနေနဲ့ United နဲ့ ၆ မှတ်ကွာ အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။ အဆင့် ၄ က Aston Villa နဲ့ (လောလောဆယ် Aston Villa က Round 31 မကစားရသေး) ၂ မှတ်ကွာ အနေအထားမှာ ရှိနေပါတယ်။ Chelsea သာ Everton ကို အနိုင်ရခဲ့ရင် Liverpool တို့ အဆင့် ၆ နေရာကို ဆင်းသွားရနိုင်ပါတယ်။ ဖြစ်ချင်တော့ Chelsea ကလည်း Everton ကို ၃-၀ နဲ့ ဂိုးပြတ် ရှုံးသွားပြီး အဆင့် ၆ နေရာမှာပဲ ဆက်ရှိနေပါတယ်။ Liverpool နဲ့ Chelsea က ၁ မှတ