By htwegyi on Skatehive
ငယ်စဉ်က ကျောက်ဖရုံသီးကို ဘာသီးကြီးလဲဟု မြင်ပြီး ကြည့်ပြီး အမည်ကို မသိခဲ့ပေ။ ထိုကျောက်ဖရုံ သီးကို မြင်တိုင်း စိတ်မှာ တမျိုးဖြစ်ခဲ့သည်။ အဘယ်ကြောင့်ဆိုပါမူ ထိုကျောက်ဖရုံသီးကြီးတလုံး သည် လူသေကောင်၊ အသုဘတဦး၏ အနီးမှာ ငယ်စဉ်က အမြဲမြင်တွေ့ခဲ့ရသည်။ ယခုခေတ်မှာတော့ ထိုသို့ပြုလုပ်ခြင်း မရှိတော့ပေ လျှပ်စစ်ဖြင့်ပြုလုပ်ထားသော အအေးခန်းခေါင်တလားဖြင့် ထားရှိကြသည်။ ငယ်စဉ်က ထိုအသီးကြီး လူသေကောင်အနီးမှာ ဘာပြုလို့ ထားသလဲ မမေးမြန်းမိခဲ့ပေ။ မမေးမြန်း ဆို ထို ကျောက်ဖရုံသီးဆီသို့ စိတ်ရောက်သွားသည်က ခဏတာပါ။ အသုဘဘေးက ဖဲဝိုင်းဆီသို့ စိတ် ရောက်သွားသည်က အများသားပေမို့။ အသီးကို မေးမြန်းဖို့ အာရုံကို ဖဲဝိုင်းအာရုံက အနိုင်ယူ သွားပေသည်။ အသက်အရွယ်ရလာပြီး စာအုပ်လေးအနည်းငယ် ဖတ်မိလာမှ အော် ကျောက်ဖရုံသီးက အနံ့ဆိုးများ ကို စုပ်ယူမှုရှိသည်။ ထိုကြောင့် ထိုအသီးကို လူသေကောင် အနီးမှာထားခြင်းဖြစ်သည်။ နောက်ပြီး စာရေးဆရာ၊ အဆိုတော်၊ ရုပ်ရှင်မင်းသား သုမောင် ကလည်း ရေးသားထားသည်ကို ဖတ်ရသည်။ သူ့အိမ်မှာ အလုပ်လုပ်သော အမျိုးသမီးလေးသည် ဂျိုင်းချွေးနံ့ နံ့သဖြင့် သုမောင်အမေက ထိုအမျိုးသမီးကို ကျောက်ဖရုံဟင်းရည်၊ ကျောက်ဖရုံယိုများ ကျွေးသဖြင့် ချွေး