By htwegyi on Skatehive
ကျွန်တော်သည် ကွန်ပြူတာကို စတင်ထိတွေ့ခွင့်ရတာ ရုံးမှာဖြစ်သည်။ ကွန်ပြူတာနှင့်ထိတွေ့ဖို့ ကျွန်တော်လို့ သာမန်လူအဖို့ အတော်အလှမ်းဝေးလှသည်။ ကံကောင်းစွာဖြင့် ရုံးမှာရှိသော ကွန်ပြူတာကို ထိတွေ့မှုရရှိ၍ ကွန်ပြူတာဆိုတာ ဒီလိုပါလားဟု သိခဲ့ရသည်။ ရုံးမှ ကွန်ပြူတာရိုက်သူများက ကွန်ပြူတာ သင်တန်းများသို့ တက်ရောက်ပြီးသင်ကြားကြသည်။ ကျွန်တော်က ထိုကွန်ပြူတာသင်တန်းများသို့ တက်ရောက်ခြင်းမရှိပါပဲ ကွန်ပြူတာ ရိုက်နှိပ်တတ် ခဲ့သည်။ ဟ သင်တန်းမတက်ပဲ ဘယ်လိုများတောင် ကွန်ပြူတာ ရိုက်တတ်တာလဲဟု မေးကြပေမည်။ ဒီလိုဗျာ ကျွန်တော်က ကွန်ပြူတာအခန်းထဲမှာ ကွန်ပြူတာ ရိုက်သူရဲ့ ဘေးအနားက သူရိုက်မည့် စာများကို အော်ပေးသည်။ နေ့စဉ်အော်ပေးရသဖြင့် ကွန်ပြူတာ အဖွင့်အပိတ်ကို သိလာသည်။ ကွန်ပြူတာရိုက်မည့်သူ မရှိသည့်အချိန်များမှာ လက်ကွက်ဂိမ်းကို ဆော့ကစား သည်။ ကွန်ပြူတာ လက်ကွက်ကို ကျွမ်းကျင်စွာ နှိပ်တတ်ပါက ကွန်ပြူတာနှိပ်တတ်ဖို့ မခက်ခဲတော့ပေ။ ဒီလိုနဲ့ ကျွန်တော်က သင်တန်းမတက်ရပဲ ကွန်ပြူတာ ကို နှိပ်တတ်ခဲ့သည်။ ကွန်ပြူတာနှိပ်တတ်တော့ ဟိုကလိ ဒီကလိနှင့်ပေါ့။ ရုံးမှာ အင်တာနက်ဆိုသည့်အရာကို လာရောက် ချိတ်ပေးသည့်အခါမှာတော့ ကျွန်တော်သည်။ အင်တာနက်ကို ကလိပါလေတော့သည