By htwegyi on Skatehive
တသက်လုံးပျော်ချင်ရင် သစ်ပင်စိုက်ပါတဲ့။ သစ်ပင်လေး ပေါက်စကို စပြီး စိုက်သည့်နေ့ကပင် ရင်ခုန်ရပေသည်။ မနက်မိုးလင်း၍ မျက်နှာသစ်ပြီးသကာလ ကိုယ့်စိုက်ပျိုးခဲ့သော အပင်ပေါက်စလေးကို ရှင်သလား၊ သေသလား ရင်ခုန်စွာကြည့်မိသည်။ အရွက်ကလေးများ၊ အညွန့်လေးများ လန်းဆန်း နေသလား၊ ညှိုးနေသလား ကြည့်ရသည်။ ထိုသို့ကြည့်ရသည်ကပင် ရင်ခုန်ပျော်စရာ တခုဖြစ်သည်။ ကိုယ်စိုက်သည့် အပင်ကလေး ရှင်သန်နေပါလျှင် တစိမ့်စိမ့်ကြည်၍ ပီတိဖြစ်ရသည်။ စိုက်သော အပင်ကလေး နွမ်း၍ ရှင်သန်မှုမရှိပါလျှင် စိတ် မကောင်းဖြစ်ရသည်။ နောက်တပင် ထပ်မံစိုက်ရ တာပေါ့ဟု တွေးရပြန်သည်။ ကိုယ့်အပင်လေးက အရွက်များဝေဖြာကာ အဖူး အပွင့်လေးများ ထွက်လာပါလျှင် ပျော်ရွှင်ရပြန်ပါသည်။ အပွင့်မှ အသီးကင်းလေး၊ အသီးကင်းမှ ဖွံ့ထွားသောအသီးကြီး ဖြစ်လာသည့်အခါမှာလည်း ခူးဆွတ်ဖို့ အရိပ်တကြည့်ကြည့်ဖြစ်ရပြန်။ ယခုလို နွေရာသီရောက်ပြီဆိုပါလျှင် စပယ်ပန်းလေးများက အညွန့်အဖူးမှ အပွင့်ဖူးလေးများထွက်ပေါ်လာသည်။ စပယ်ဖြူလေးများက ဖွေးဖြူစွာပွင့်ပြီး လေနှင်ရာ မွှေးပျံ့နေသည်။ လေသယ်ဆောင်လာသော စပယ်ပန်း ရနံ့ကို တရှိုက်မက်မက် ရှူရှိုက်ရသည်က နွေအပူမှာ အမောပြေစေသည်။ စပယ်ဖြူတွေတောင် ပွင့်နေပြီ ကွယ်။ ပူလွန်တဲ့နွေမ