By htwegyi on Skatehive
တူမ၏ ခင်ပွန်းက အိုးဝေမောင်းသည်။ ယနေ့ အိုးဝေမောင်းပြီး အိမ်ပြန်လာသောအခါ ဒေါသတကြီးဖြင့်ပြန်လာသည်။ ဘာဖြစ်တာလဲဟု အိမ်မှ လူများက ဝိုင်းပြီးမေးသောအခါ ယခုလို ပြောပြပါလေသည်။ ယခုအချိန်မှာ မိတ်ဆွေတို့ သိတော်မူကြသည့်အတိုင်း လောင်စာဆီ ပြဿာနာက တဖြည်းဖြည်း ခက်ခဲလာသည်။ အိုးဝေနှင့် ဆိုင်ကယ်များကို တကြိမ် သုံးလီတာသာ ဆီဆိုင်များက ရောင်းချပေးသည်။ စုံ၊ မ ပြဿနာကလည်းရှိပေသည်။ ဒီတော့ ဆီပြဿနာက နေရာစုံမှာ ပြဿနာပေါင်းစုံဖြစ်ပေသည်။ ထိုသို့ လောင်စာဆီခက်ခဲသည့်အလျောက် ထိုခက်ခဲမှုအပေါ် အမြတ်ထုတ်သူကလည်း ရှိပေသည်။ တူမ၏ အမျိုးသားက ဆီထုတ်ရန် ဆီဆိုင်ကြီးတခုမှာ တန်းစီသည်။ ထိုဆီဆိုင်ကြီးမှာ ဆိုင်ကယ်တစ်တန်း၊ ကိုယ်ပိုင်ကားများကတတန်း၊ အိုးဝေများက တတန်း တန်းစီကာ ဆီဝယ်ယူကြသည်။ သူတန်းစီသော အိုးဝေကားတန်းမှာ ကားတန်းမရှည်ပေ။ သူ့ရှေ့မှာ အိုးဝေရှစ်စီးသာရှိသည်။ အခြား ဆိုင်ကယ်နှင့် ကိုယ်ပိုင်ကားတန်းများက ရှည်လျား သည်။ သူစောင့်နေစဉ် ကိုယ်ပိုင်ကားတန်းမှ ကားများတစီးပြီးတစီး ရွေ့လျားသွားသည်။ သူ့အိုးဝေတန်းမှ ကားများက မရွေ့လျားပေ။ ဒီတော့ ဘာဖြစ်လို့ကြာတာလဲဟု တွေးကာ ဆီပန့်ရှိရာ ရှေ့သို့ သွားရောက်ကြည့်မိသည်။ သူသွားရောက်ကြည့်အခါမှာတော့ ဆီထည့်န