By htwegyi on Skatehive
တလောက တာယာပွကြီး၏ ကြက်ထီး၊ ကြက်မ အကြောင်းရေးသားခဲ့သည်။ ကြက်မ က မလှ၍ ကြက်ထီးက မကပ်သည့်အကြောင်း အမေနဲ့ တာယာပွကြီးတို့၏ ပြောစကားများကို ရေးသား ခဲ့သည်။ ယခုတော့ မလှသော ကြက်မ ပေသိ။ တခုတည်းသော ကြက်မဖြစ်၍ ကြက်ဖကြီးလည်း အော်အီးအီးအွတ်ခဲ့သည်။ ကြက်ဖကြီး၏ အော်အီးအွတ်မှုကြောင့် ကြက်မသည် ဥ ဆယ့်တစ်လုံး ဥပေးရှာသည်။ ထိုဆယ့်တစ်လုံးမှ တာယာပွကြီးက နှစ်လုံးကို ကြော်စားသည်။ တစ်လုံးက ကြက်မနှင့် တာယာပွကြီးတို့ ကလိ မှုကြောင့် ကွဲသွားသည်။ ရှစ်ဥ ကျန်ရှိသည်။ ကြက်မ ဥသောနေရာက စားပွဲခုံကြီးထဲတွင် ဝပ်ကျင်းပြုလုပ်ပေး၍ ဥစေသည်။ ကြက်မကြီး ဥ သောစားပွဲခုံသည် ကျွန်တော်တို့ အိမ်သို့ မိတ်ဆွေတဦးက ခဏလာရောက်ထားသော ခုံဖြစ်သည်။ ဖြစ်ချင်တော့ ကြက်မကြီး သူ့ဥတွေကို စပြီးဝပ်သော ငါးရက်မြောက်နေ့မှာ စားပွဲခုံကြီးကို ပိုင်ရှင်က လာယူပါလေသည်။ ထိုအခါ ဥများကို ဟိုပို့ ဒီပို့ ပြုလုပ်ရသည်။ ကြက်မသည် သူ မူလ ဥသောနေရာမှာ ဥများမရှိ၍ သူ့ဥများကို လိုက်ရှာသည်။ တာယာပွကြီးက ကြက်မကို ဖမ်း၍ သူ့ဥနေရာကို ပြ ၍ ဝပ်ခိုင်းသည်။ ကြက်မက ဥများကို ခဏသာ ဝပ်ပြီး အစာထွက်ရှာသည်။ ကြက်မက သူမူလ ဥခဲ့သောနေရာကိုသာ သွား၍ ဝပ်နေလေသည်။ ထိုကြောင့် ကြက်ဥများကို ယူကာ သူမူလ ဥခဲ့သောနေရာ