By htwegyi on Skatehive
မိသားစု ဆိုသည်က အမေ၊ အဖေနဲ့ သားသမီးများ စုစုဝိုင်းဝိုင်း တသားတည်းရှိသော အဖွဲ့အစည်းလေး ဖြစ်သည်။ မိသားစုမှာ သူရို့တာဝန်ကိုယ်စီနဲ့ ရှိကြပေသည်။ မေတ္တာတရားများလည်း ကိုယ်စီထားရှိကြသည်။ ကိုယ်စီတာဝန်များ ပျက်ကွက်ပါမူ ထိုအဝန်းအဝိုင်းလေးက စုစုစည်းစည့်း မရှိတော့။ ပျော်ရွှင်စရာလည်း ပျောက်ဆုံး လေသည်။ မိသားစုတွင် မိခင်သည်က အဓိက ပါဝင်သူတဦး ဖြစ်သည်။ မိခင်များသည် အများအားဖြင့် မိသားစုနဲ့ အနီးကပ်ဆုံး၊ အချိန်အကြာဆုံး ရှိသူများဖြစ်ကြသည်။ မိသားစုသည် စာအုပ်တအုပ်ဆိုပါမူ မိခင်၏ အခန်းက အများဆုံးဖြစ်ပေမည်။ ဤသို့ ရေးရသည်မှာ မနေ့က တူမနှင့် လိုက်ပါသွားခဲ့ရသဖြင့် မိခင် များ၏ သတ္တိကို အနီးကပ် တွေ့ရှိခဲ့ရသည်။ တူမများနှင့် မြို့ထဲသို့ လမ်းကြုံလိုက်ပါရင်း အိုဂျီ အထူးကုဆရာဝန်တဦး၏ ဆေးခန်းသို့ ရောက်ရှိသည်။ ထိုအိုဂျီအမျိုးသမီးက ဘာသာခြား အမျိုးသမီးတဦးဖြစ်သည်။ သူမ၏ဆေးခန်း မှာ ပြသသူအများက ငွေကြေးတတ်နိုင်သူရော၊ မတတ်နိုင်သူရော ပေါင်းစုံးပြသကြသည်။ ထို ဆရာဝန်မသည်က အသက်အရွယ်မကြီး သေးဟုထင်ရသည်။ လူနာတဦးကို ကြည့်ရှု စမ်းသပ်ခ တဦးကို ငါးထောင်သာပေးရသည်။ ယခုခေတ်မှာ အထူးကုတဦးက လူနာကြည့်ပါလျှင် အနည်းဆုံးတသောင်းကျပ်ခန့် ပေးရမည်ဟု ထင်ပါသည်။