By htwegyi on Skatehive
ယနေ့ ဈေးသွားသည့်အခါ တူမတို့ ဇနီးမောင်နှံ၏ အိုးဝေကားလေးဖြင့် လမ်းကြုံလိုက်ခဲ့သည်။ ယခင်နေ့များမှာတော့ ဈေးသို့ လမ်းလျှောက်ရင်း သွားသည်။ ဈေးသွားရာ လမ်းတလျှောက် ဟိုငေး ဒီငေးဖြင့် ဈေးရောက်မှန်းမသိ ရောက် ပေသည်။ ယခုတလော ဈေးသွားရာ လမ်းတလျှောက် ရှိ ရပ်ကွက်မှာ အလှူပွဲများကို တွေ့ရသည်။ ယနေ့ ဒီတလမ်းဆိုပါမူ။ နောက်တနေ့မှာ နောက်တလမ်းရှိအိမ်မှ အလှူပွဲအတွက် လှည့်လည်ဖို့ ဝတ်ကောင်းစားလှများဖြင့် အလှူပွဲလှည့်ဖို့ ဟန်ရေပြနေကြသည်။ ဈေးသွားရာ လမ်းရှိ ရပ်ကွက်မှ အိမ်များက တအိမ်နဲ့ တအိမ် အပြိုင်အဆိုင်များ လှူနေကြသလား အောင်းမေ့ရပေသည်။ ဓာတ်စက်ကြီးများနဲ့ အပြိုင်ဖွင့်ပြီး ဦးရွှေရိုး၊ ဒေါ်မိုးအကများဖြင့်လည်း အလှူပွဲကို မြိုင်မြိုင်ဆိုင်ဆိုင် ကပြ ဖျော်ဖြေပေး သေးသည်။ အလှူပွဲလှည့်လည်ရာမှာ အလှူကားတန်း၏ ရှေ့မှ လမ်းရှင်းပေးမည့် မော်တော်ဆိုင်ကယ်များမှ မီးသတ်ဝတ်စုံ ဝတ်ဆင်ထားသူတို့က ဟန်ရေး တကြွကြွ နေရာတကာ ဆရာကြီးများပါပေ့။ တနေ့က အိမ်သို့ နွေရာသီ ခြောက်သွေ့ကာလမို့ မီးအန္တရာယ်ကင်းစေရန် မီးသတ်များ လာရောက် စစ်ဆေးသည်။ မီးသတ်ဝတ်စုံနဲ့ လူသုံးလေးဦး အပြင် အရပ်ဝတ်များနှင့် လူအချို့လည်းပါဝင်သည်။ ထမင်းဟင်း ဘာနဲ့ ချက်သလဲဟု စစ်မေးပြီး အိမ