By htwegyi on Skatehive
ပျော်သူတွေက ပျော်၊ ငိုသူတွေက ငိုနဲ့ ဒီနှစ်သင်္ကြန်က ဘယ်လိုကြီးမှန်းမသိပေ။ သင်္ကြန်ကာလသည်က ပူပြင်းခြောက်သွေ့ ရာသီဖြစ်သည်။ လုပ်ငန်းခွင်များကို ပူပြင်းသော ရာသီဖြစ်၍ အနားပေးထားသည့်ကာလဖြစ်သည်။ ရာသီပူ၊ လုပ်ငန်းခွင်အနားယူထားသဖြင့် လူများအဖို့ ယောင်ချာချာဖြစ်နေမည် စိုးသဖြင့် အတာကူးသောလ၊ ထန်းခူးသောလအဖြစ် ရေသဘင်ပွဲပြုလုပ်ပြီး လူအများ၏ စိတ်ကို ပျော်ရွှင်အောင် ပြုလုပ်ထားခြင်းလည်းဖြစ်နိုင် သည်ဟု ယနေ့ Facebook မှာ ဖတ်လိုက်ရသည်။ ထိုကြောင့်ထင်ပါသည်။ သင်္ကြန်ပွဲတော်ရောက်တိုင်း လူအများစုက ယမကာများမှီဝဲကာ စိတ်လွတ် ကိုယ်လွတ် ပျော်ရွှင်ကြသည်။ ကုသိုလ်ပြုလုပ်သူများလည်း ရှိပေသည်။ ယခုခေတ်ကာလ သင်္ကြန်ပွဲတော်များမှာ အမျိုးသားထုနှင့်အပြိုင် အမျိုးသမီးထုကြီး၏ စိတ်ကို လွတ်လပ်စွာဖွင့်လှစ်ပြီး ကခုန်နေကြမှု ကိုလည်း ပိုမိုမြင်တွေ့လာရသည်။ တနှစ်တခါ အိမ်တွင်းအောင်းနေရသမျှ ဒီသင်္ကြန်မှ စိတ်လွတ် ကိုယ်လွတ် လွတ်ကြသည့်ထင်ပါရဲ့။ အိမ်တွင်း မအောင်းတော့သော အမျိုးသမီးများလည်း ရှိကြပါသည်။ ဆိုတော့ဗျာ ဖော်ပြပါအတိုင်း စိတ်ပျော်ရွှင်အောင် ပြုလုပ်သည့်ပွဲဆိုပါမူ ရှေးယခင်ခေတ်က အမျိုးသမီးများ မည်သို့ ပြုလုပ်ကြသည်ကို သိချင်မိသည်။ သူတို့လည်း