By kachinhenry on Skatehive
စာရေးမည်ဆိုတော့ စဉ်စားရပါပြီ။ လေးလံသော ဘဝများ ရုန်းကန်လှုပ်ရှား နေရသောဘဝများ အကြောင်းရေးမည်လား သို့မဟုတ် ဘဝပျက်သွားသည့် အကြောင်းများ ရေးမည်လား တွေးရပါပြီ။ လက်ရှိ ကျွန်တော်အပါအဝင် ကျွန်တော့ မိတ်ဆွေများလည်း ဘဝ လုံးဝပျက် မသွားသည့်တိုင် အတော်လေး ယိုင်နဲ့ မသွားအောင် ကြိုးစားရုန်းကန် နေရသည်ကတော့ သေချာပါသည်။ ဒါဟာ ဘဝပဲ ၊ ဘဝဆိုတာ တိုက်ပွဲပဲ ဟု ဆိုကြသော်လည်း အသာအယာ ရုန်းကန်း ရုံမျှဖြင့် မိသားစု ဖူလုံသော ဘဝ နှင့် အခြားသူများ၏ ပယောဂ ကြောင့် မလိုလားအပ်သော ဘဝတိုက်ပွဲများတွင် ဘဝနှစ်မွန်း နေကြရသည်ကတော့ အလွန်ခြားနားပါသည်။ ဆိုရလျင် လွန်ခဲ့သော ၅ နှစ်က ဘားမှ မဖြစ်ခဲ့လျင် ယခုအချိန်တွင် ကျွန်တော်တို့သည် အရှေ့တောင်အာရှတွင် အခြေအနေတခုဖြင့် လက်မထောင်နိုင်သော အဆင့်အတန်းရှိနေမည်ကတော့ သေချာပါသည်။ သို့သော်လည်း အစရှိလျင် အဆုံးရှိရမည်ဆိုသကဲ့သို့ တနေ့နေ့ တချိန်ချိန်တော့ ပြီးသွားပါလိမ့်မည်။ မည်ကဲ့သို့ အဆုံးသတ်သွားမည်ကိုသာ မသိရခြင်း ဖြစ်ပါသည်။ မိတ်ဆွေတို့တော့ မည်သို့ ရှိမည်မသိ ၊ ကျွန်တော်ကတော့ ယခု နောက်ပိုင်း စကား အတော်လေး နည်းလာပါသည်။ စကားနည်းလာသည်ထက် စကားပြောချင်စိတ်မရှိခြင်းသက်သက် ဖြစ်ပါသည်။ တခါတရံ စကားဝိုင်းများတွင