By kachinhenry on Skatehive
စာပြန်ရေးမည်ဟုစဉ်စားလိုက်တိုင်း စာရေးရန် ဖုန်းအား လက်တွင်ကိုင်ထားပြီး ရေးရမည့် အကြောင်းအရာ အစရှာမရသည်က ခဏခဏ။ အမှန်တော့ ရေးစရာ အကြောင်းအရာ အတော်များများရှိနေပါသည်။ မည်သည့်နေရက စရမည် မသိခြင်းသာ။ နောက်ကိစ္စတခု။ စာမရေးသည်မှာကြာပြီဆိုတော့ အရေးအသား လက်ကွက် များ ရေးနည်းရေးဟန်များ မူမမှန်ချင် ဖြစ်နေပါသည်။ တကယ်ဆိုလျင်တော့ ရေစရာအကြောင်းအရာက ခေါင်းထဲတွင် အစီအရီရှိနေပါသည်။ ကိုဗစ်ကာလ / အာဏာသိမ်းသည့် အစပိုင်း ကာလများတွင် ကျွန်တော် မလေးရှားရောက်နေသည့် အကြောင်းအရာများကတော့ မိတ်ဆွေတို့ သိပြီးသား ဖတ်ဘူး ပြီးသား ဖြစ်ပါလိမ့်မည်။ ၂၀၂၃ /၂၄ လောက်မှ စပြီး ကျွန်တော့ ဘဝတစစ်ချိုး ရန် အချိန်ရောက်လာခဲ့ပြီဟု ဆိုနိုင်ပါသည်။ ထို့နောက်တော့ ဘဝ အချိုးအကွေ့ များအတိုင်း လိုက်ပါစီးမျှောရင်း စာရေးခြင်း အလုပ်အား ခေတ္တရပ်နားထားခဲ့ရပါသည်။ကျွန်တော့ဘဝအား စင်္ကပူ တွင်နောက်တကြိမ် အားယူပြန်လည် တည်ဆောက်နေခဲ့ခြင်း ဖြစ်ပါသည်။ ယခုတော့ ကျွန်တော့ဘဝအတွက် ရောင်နီ အလင်းတန်းတွေ့နေရပြီမို့ စာရေးရန် အခွင့်အရေးလည်း ရလာပြီဟု ဆိုနိုင်ပါသည်။ Cryptocurrency ကတော့ ကျွန်တော့ အနေဖြင့် အတော်လေး အဆက်ပြတ်သွားသည်ဆိုတော့ မနည်းပြန်လေ့လာယူရပါအုံးမည်။ နောက်တခ