By kachinhenry on Skatehive
မင်္ဂလာပါ။ ယခုတလော သတင်းများကြည့်လိုက်လျင် စစ်ပွဲအကြောင်း အပျက်အစီးများ အသေအကြေများ အကြောင်း သာမြင်နေရကြားနေရသည်ကို မိတ်ဆွေတို့ အားလုံးအသိပင် ဖြစ်ပါလိမ့်မည်။ Covid ကာလနောက်ပိုင်း မြန်မာ့အရေးအခင်းပြည်တွင်း စစ်မှ စပြီး ရုရှား ယူကရိန်းစစ် ထို့နောက် အိန္ဒိယ ပါကိစ္စတန် စစ်ပွဲ ထို့နောက် ထိုင်း နှင့် Cambodia နယ်စပ် စစ်ပွဲ ထို့နောက်တော့ အရှေ့အလယ်ပိုင်း စစ်မီးကတော့ ဘယ်တောမှ ငြိမ်းသည်မရှိ အစ္စရေး နှင့် ကျန် အာရပ် နိုင်ငံ များမှ တနိုင်ငံနှင့်တော့ အမြဲ စစ်ဖြစ်နေသည်သာ။ ထို့နောက် နာမည်ကြီး စူပါ ပါဝါ အမေရိကန် ၏ စစ်ပွဲများ စလာပါပြီ။ ဤ စစ်ပွဲများအကြောင်း ယခင်ကလည်း ကျွန်တော်ရေးသားဘူးပါသည်။ စစ်ဖြစ်လျင် နှစ်ဖက်စလုံး သေကြေပျက်စီးရသလို အများအားဖြင့် ထိခိုက်ကြရသည်က ပြည်သူများသာ ဖြစ်ပါသည်။ သို့သော် ဤနေရာတွင် အဘယ့်ကြောင့် စစ်ဖြစ်ရသည် ဟူသော အကြောင်းအရာအား ဆန်းစစ်ရန်လိုပါသည်။ အမျိုးသားရေးဝါဒ ကြီးထွားအားကြီးလာကြသောကြောင့် ( ငါ့လူမျိုးသာ အမြင့်မြတ်ဆုံး / ငါတို့လူမျိုးသာ အတော်ဆုံး အကောင်းဆုံး ) ပထမ ကမ္ဘာစစ် ဖြစ်ခဲ့ရသလို ကိုလိုနီ နယ်ချဲ့ လိုသောကြောင့် ( နယ်ပယ်ချဲ့ထွင်းကာ ကျွန်ပြု အုပ်ချုပ် ဂုတ်သွေးစုပ် ) ဒုတိယကမ္ဘာ