By kachinhenry on Skatehive
မင်္ဂလာပါ။ ကျွန်တော်လက်မ အဆစ်တွေနာနေတာနဲ့ စာမရေးဖြစ်တာ အတော်လေးကြာပါပြီ။ ဒီနေ့တော့ စင်္ကပူ သစ်ခွခြံကို အလည်အပတ်သွားခဲ့တဲ့ အကြောင်းအရာလေးတွေ မျှဝေပေးချင်ပါတယ်။ သစ်ခွပန်းတွေဆိုတော့ ပုံတွေများပြီး စာအရှည်ကြီး ရေးစရာမလိုဘူး မဟုတ်လား။ အမှန်တော့ ကျွန်တော့ အနေဖြင့် ဤ သစ်ခွခြံအကြောင်းအား ကျွန်တော်ပြောသော စင်္ကပူ ခန်းဆက်ဆောင်းပါးတွင်ရေးသားရန် ရည်ရွယ်ထားသော်လည်း ခန်းဆက်ဆောင်းပါးတွင် ကျွန်တော့ဘဝနှင့် ဆက်စပ်၍ ပတ်သက်နေသော အကြောင်းအရာများသာ ရေးသားရန် ဆန္ဒရှိသောကြောင့် ဤ သစ်ခွခြံအကြောင်းအား ဖေါ်ပြပေးလိုက်ပါသည်။ ဤသစ်ခွခြံမှာ စင်္ကပူနိုင်ငံရှိ ရုက္ခဗေဒ ဥယျာဉ် ( Botanic Garden ) အတွင်း၌ရှိပြီး ဝင်းကြေးပေးကာ ဝင်ကြည့်ရသော ပန်းခြံဖြစ်ပါသည်။ Botanic Garden အကြောင်းတော့ သီးသန့်ဖေါ်ပြပေးပါမည်။ ဒါကတော့ အဝင်ဝမှာတွေ့ရတဲ့ ဆိုင်းဘုတ်ကြီးပါ။ ဘယ်ခုနှစ်မှာ တည်ထောင်တယ် ဘာညာသာတကာ တွေစာရှည်မှာစိုးလို့ ချန်ထားလိုက်ပါပြီ။ သစ်ခွပန်းတွေသာ ကြည့်ကြပါစို့။ ဒီသစ်ခွ အမျိုးအစားကတော့ မြန်မာပြည်မှာလည်းတွေ့ရသလို အရမ်းထူးဆန်းတဲ့ သစ်ခွမျိုးတော့မဟုတ်ပါဘူး။ စင်္ကပူက စားသောက်ဆိုင် တချို့မှာ အစားအသောက် အလှဆင်တဲ့နေရာမှာ ဒီသစ်ခွ ခရမ်းရောင်ပ