By kachinhenry on Skatehive
မင်္ဂလာပါ။ သစ်ခွပန်း ကြည့်ရအောင် အပိုင်း ( ၂ ) ကို ဆက်ကြည့်ကြပါစို့။ ကျွန်တော်ကလည်း ဓါတ်ပုံ ပြရတာ သက်သာမလားလို့ ပိုတောင် ဆိုးနေပါသေးတယ်။ ကိုယ်က ကျွမ်းကျင်တဲ့ ဓါတ်ဖမ်းဆရာမဟုတ်တော့ ပုံတွေက ကြည့်လို့မကောင်းတာတွေများ။ ကြည့်လို့ လှမယ်ထင်တာတွေ ရွေးနေရ မှတ်ချက်ရေးရနဲ့ ပိုလို့တောင် အလုပ်ရှုပ်သေး။ သို့ပေသိ ရေးလက်စဆိုတော့ ပြီးအောင်တော့ရေးရမှာပဲ။ မိတ်ဆွေတို့လည်း ကြိုးစားပြီးအားပေးကြပါကုန်။ သစ်ခွပန်းတွေတော့ အတော်လှတဲ့ သစ်ခွပန်းတွေကြီးပါပဲ။သစ်ခွမျိုးစုံဆိုတော့ ဟိုပန်းကလည်း လှနေရော ဒီပန်းကလည်း တမူထူးခြားဖြစ်နေတာမို့ တခုတမျိုးစီလှနေကြတာပါ။ အဓိကကျတာကတော့ ပန်းတွေရဲ့ အလှအပ အရောင်အသွေးကို ကြည့်တတ်တဲ့သူ ခံစားတတ်သူ ကြည့်မှ ပန်းတွေက ပိုပြီး ကြွရွ လှပနေကြတာမျိုးပါ။ အဓိပ္ပာယ် ကတော့ အရက်သောက်တတ်တဲ့ အရက်သမားများတောင် မတူကြသလိုပေါ့။ တချို့က အရက်ဖြစ်ရင်ပြီးရော အကုန်သောက်တယ် မူးရင်ပြီးရော။ တချို့က အရက်ကောင်းပဲ သောက်တယ် လစ်မစ်လေးနဲ့ ။ တချို့ကတော့ စစ်မြင်း မှ ဂရန်းပြာမှ။ အဲသလိုပေါ့။ အရက်မှန်ရင် မူးတာကြီးပါပဲ။ ပန်းတွေမှာလဲအဲသလိုပေါ့။ တချို့က အရောင်းအသွေးမျိုးစုံနဲ့လှတယ်။ တချို့က တရောင်တည်း ဒါပေသိ အဆုပ်အခဲ လိုက် ပွင့်