By kachinhenry on Skatehive
မင်္ဂလာပါ။ အမှန်တော့ သစ်ခွပန်းတွေကြည့်ရအောင် အပိုင်း ( ၃ ) ကို မနေ့က တင်ပေးမလို့ပါပဲ။ ကွန်ပြူတာဖွင့်လိုက်တော့ အီရန် အမေရိကန် စစ်ပွဲနောက်ဆုံးသတင်းတွေကြည့်နေတာနဲ့ Post မတင်ဖြစ်တော့တာရယ်။ စစ်ပွဲကလည်း မပြီးနိုင်။ အမေရိကန် မီဒီယာ တွေကလည်း ထရန့်ကို တွယ်ချက်တွေကလည်း လက်ကုန်ပဲ ပြောရမလိုပါ့။ ထရန့်ကလည်း ရှေ့စကားနောက်စကား မညီ။ တော်ကြာ အကူအညီပေးပါ ပြောလိုက် တော်ကြာ အကူအညီမလိုဘူးပြောလိုက်နဲ့။ ထရန့်ကလည်း ဗင်နီဇွဲလားလို တရက်နဲ့ အပြီးပြတ်မယ်ထင်တာ အခုစစ်ပွဲက ကြာလေ ကမ္ဘာ့စီးပွားရေးက ပိုဆိုးလာလေ။ ထားလိုက်ပါစို့။ စစ်ပွဲအကြောင်းက နောက်မှ ရေးကြတာပေါ့။ အခုလက်ရှိ သစ်ခွပန်းလေးတွေပဲ ကြည့်လိုက်ကြပါအုံးစို့။ ဒီသစ်ခွပန်းလေးက အပေါ်ကနေကြည့်ရင် သိပ်မသိသာဘူး။ အောက်ကနေပင့်ရိုက်မှ အတော်လေးလှတဲ့ သစ်ခွပန်း။ အဖြူနဲ့ ခရမ်းနဲ့တွဲထားတာရယ်။ ဒီသစ်ခွပန်းကတော့ မြန်မာပြည်မှာလည်း ပေါပါတယ်။ အရမ်းကြီးအထူးအဆန်းတော့ မဟုတ်ဘူးပေါ့။ ဒီသစ်ခွပန်းကတော့ အများကြီးမပွင့်ဘူး။ ရိုးတံမှာ တပွင့်ပြီးမှ နောက်တပွင့် ပွင့်တာနဲ့တူပါရဲ။ တခြားသစ်ခွပန်းတွေလို ရိုးတံတခုတည်းမှာ အပွင့် အများကြီးမတွေ့ရဘူး။ ဒီအပင်နဲ့ အပွင့်ကတော့ သစ်ခွအမျိုးအစားမဟုတ်ပါဘူး။ ကျွန်