By kachinhenry on Skatehive
မင်္ဂလာပါ။ ကျွန်တော် သစ်ခွပန်းပုံတွေတင်နေတော့ ကျွန်တော့မိတ်ဆွေများက အံ့ဩကြပါလိမ့်မယ်။ ကိုဟင်က ယောက်ျားကြီးတန်မဲ့ ပန်းတွေအကြောင်း စိတ်ဝင်စားနေတယ်ဆိုပြီးတော့။ တကယ်တော့ဒါဟာ ကျွန်တော့ အမေဆီကနေအမွေရတာပါ။ ကျွန်တော့အမေက အပင်ချစ်သူတယောက်ပါ။ ငယ်ငယ်က အိမ်မှာ အသီးအနှံအသီးအရွက်တွေက ဈေးကဝယ်စားစရာကိုမလိုခဲ့တာပါ။ အသီးအရွက်ကြီးပဲလားဆိုတော့ မဟုတ်ပါဘူး အိမ်မှာ ပန်းခြံလည်း ရှိပါတယ်။ ပိန်းပန်း အမျိုးမျိုး နှင်းဆီပန်း အမျိုမျိုးနဲ့ ဒေစီပန်းလိုတခြား ပန်းပင်တွေအများကြီးရှိခဲ့တဲ ပန်းဥယျာဉ် ကလေးလည်း ရှိခဲ့ပါတယ်။ ညနေခင်းရောက်ရင် အဲဒီစားသီးပင် တွေနဲ့ ပန်းဥယျဉ်ကို ရေလောင်းတဲ့ တာဝန်က ကျွန်တော့တာဝန်ဖြစ်ပါတယ်။ ဆိုတော့ ကြီးလာတဲ့အထိ ကျွန်တော့ စိတ်ထဲမှာ ပန်းပင်စိုက်တာ ဝါသနာပါနေခဲ့တာလို့ထင်ပါတယ်။ ကျွန်တော်တို့ သားသမီးတွေ အသက်ရလာပြီး ပိုက်ဆံရှာနိုင်လာလို့ အမေသုံးဖို့ ဆိုပြီး ပိုက်ဆံပေးရင် အမေက သစ်ခွပန်းတွေဝယ်တာများပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ ရန်ကုန်အိမ်မှာ အမေ့ရဲ့သစ်ခွဥယျဉ် သေးသေးလေးရှိနေတာပါ။ ကဲကျွန်တော်ဘာကြောင့် အပင်တွေစိုက်တာ ပန်းပင်တွေစိုက်တာ ဝါသနာပါရသလဲဆိုတာ ကျွန်တော့ အမေကြောင့်ပါလို့။ အမေက တကယ့်ကို ပန်းချစ်သ