By kachinhenry on Skatehive
မင်္ဂလာပါ။ သစ်ခွပန်း ဓါတ်ပုံတွေကြီးပဲ post တင်တာတောင် အပိုင်း ၅ အထိ ရှိလာပြီ။ ဓါတ်ပုံတွေက မကုန်သေးဘူး အများကြီးကျန်နေသေးတယ်။ ဒါပေသိ မနက်ဖြန် အပိုင်း ၆ တင်ပြီးရင်တော့ ကိုဟင် သစ်ခွပန်း အကြောင်းကို အဆုံးသတ်လိုက်ပါတော့မယ်။ တင်္နလာနေ့ ခရီးထွက်ရမှာဆိုတော့ Post တင်ဖို့ မသေချာဘူးရယ်။ အင်္ဂါနေ့မှ တခြားအကြောင်း အရာ Post တွေ ပြန်ရေးတင်ပါ့မယ်။ စာရေးတာကို မနည်း အစပြန်လုပ်နေရတယ်။ Hive မှာ အရင်တုန်းကလောက် $$ တွေမရပေမယ့် နည်းနည်းချင်းဆိုလည်း များလာတာကိုယ်တွေကြုံခဲ့ပြီးသားမို့သိပ်တော့ ခံစားချက်မရှိပါဘူး။ ပြီးတော့ Gate.io ထဲမှာ Hive 4000 ကျော်ပိတ်မိနေတာလေး ပြန်ယူနိုင်ခဲ့ရင်တော့ နည်းနည်းပိုအဆင်ပြေလာမယ်လို့ မျှော်လင့်ပါတယ်။ အခုတော့ လှလှပပ သစ်ခွပန်းတွေ ကြည့်လိုက်ကြပါအုံးစို့။ အပေါ်မှ ပြထားခဲ့တဲ့ သစ်ခွပန်းတွေကတော့ အရောင်အဆင်းနဲ့ ပန်း ပုံစံကွာခြားပေမယ့် အရှေ့မှာ နှင်းရည်ခံတဲ့ ရေအိုးလို အိတ်လေးပါတာကတော့ အတူတူပါပဲ။ အမျိုးအစားတူတယ်လို့ ပြောရမှာပေါ့။ ဒီသစ်ခွကတော့ မသိရင် ချယ်ရီ ပန်းတွေနဲ့တောင် ဆင်တူနေသေးတယ်။ သစ်ခွပန်းတွေမယ် တပွင့်ချင်းစီ ပွင့်တာရယ် အပွင့်တွေအတန်းလိုက်ပွင့်တာရယ်ပဲ တွေ့ဘူးတာ ဒီသစ်ခွကြတော့ အဆုပ်လိုက