By myanmarkoko on Skatehive
ဘယ်လို ငြိမ်းအေးရမလဲ? ဒီအကြောင်းအရာကို ရေးဖို့ မနက်တည်းက စိတ်ကူးရှိခဲ့သည်။ ဒါပေမဲ့ မအားတာကြောင့် နောက်ကျမှ ရေးဖြစ်ခဲ့သည်။ ခေါင်းစဉ်က "ဘယ်လို ငြိမ်းအေးရမလဲ?" ဆိုသည့်အတိုင်း ကျွန်တော့်မှာ အဖြေမရှိပေ။ ကျွန်တော်ဖြတ်သန်းနေရသည့် အခြေနေပေါ် မူတည်၍သာ ပြောပြခြင်းဖြစ်ပါသည်။ မနက်အိပ်ယာထသည်။ မနက်စာကို စျေးရှိ မိခင်၏ ရှမ်းခေါက်ဆွဲဆိုင်တွင်စားသည်။ မိခင်နှင့် ရင်းနှီးသူ အဒေါ်ကြီးတစ်ယောက်က သူမကြားရသည့် သတင်းများကို ဖောက်သည်ချနေသည်။ "အဲ့ဒီကောင်လေး ဆေးပြား အလုံး ၂၀ ဆယ်မိလို့ ထောင် ၂ နှစ်ကျသွားတာ။ တကယ်တော့ သူက ဆေးပြားကို တခြားသူအတွက် ဝယ်ပေးတာလို့ပြောတာပဲ။ တကယ်တော့ နှစ်ကုန် အမှုလိုနေတဲ့အချိန်မို့ ဘယ်လိုမှ လိုက်မရဘူးတဲ့။" "ဟုတ်လား? သနားစရာ" "တကယ်က ကောင်လေးကလဲ အတော်ဆိုးတာ။ ဟိုတလောက ဓာတ်တော်ချိုင့်ထဲ သရဲဖမ်းအဖွဲ့လာတော့ သူတို့အိမ်မှာတည်းတာ ဆူညံနေတာပဲ။ ကျွန်မတို့မှာ အိပ်လို့ကိုမရဘူး။ သူ့ မိဘတွေကလည်း ရန်တဂျက်ဂျက်ဖြစ်တာ။ တချို့ညတွေများဆို မိန်းမကို ဓားနဲ့ လိုက်ခုတ်မယ်လုပ်လို့ မိန်းမက ကျွန်မတို့အိမ်ထဲ အတင်းဝင်လာပုန်းတာ" အင်း... ထိုသတင်းများကို နားမထောင်ပဲနှင့် ကျွန်တော်ကြားနေရသည်။ မနက်တည်းက စိတ်မချမ်းသာစရာ သတင်းမ