By myanmarkoko on Skatehive
မတရားတာကို မတရားဘူးလို့ မပြောရဲရင် နှုတ်ပိတ်နေလိုက်ပါ တရားပါတယ်လို့တော့ မပြောပါနဲ့... အောင်ဆန်းစုကြည် ကျွန်တော်တို့ကမ္ဘာကြီးမှာ အရာရာဟာ တရားမျှတပါတယ်လို့ ခုခေတ် အောင်မြင်ရေးတရားဟောသူတွေနဲ့ အဆင်သင့်လိုက်ပြောသူများက ပြောလေ့ရှိကြပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ယောင်လည်လည်နဲ့ "ဟုတ်တာပဲ" ဟုထောက်ခံခဲ့ဖူးတယ်။ မထိန်မချန်ပြောရရင် ဆရာဘွဲ့ခံ အောင်မြင်ရေးတရားဟော ဆရာကြီး "လင်းသိုက်ညွန့်" ရဲ့ဟောပြောချက်တွေကို လူငယ်ပီပီ သူမကို ချစ်သလိုမျိုး မျက်စိစုံမှိတ်ပြီး ယုံခဲ့ဖူးတယ်။ တကယ်တမ်း လက်တွေ့ဘဝမှာ ကြုံရတဲ့ အတွေ့ကြုံတွေ (သို့မဟုတ်) ရင့်သန်သော တွေးခေါ်မှုနဲ့ နှိုင်းယှဉ်ပြီး စဉ်းစားကြည့်တော့ အရာလုံးဟာ တရားမျှတမှု ရှိပါရဲ့လားလို့? မေးခွန်းထုတ်မိလာတယ်။ လောကကြီးက တရားပါတယ်။ ဉီးထုပ်ကို ဉီးထုပ်နေရာ၊ ဖိနပ်ကို ဖိနပ်နေရာ ပေးထားပါတယ် လင်းသိုက်ညွန့် ဆရာလင်းသိုက်ညွန့်ရဲ့ အဲ့ဒီစကားကို သိပ်နှစ်ခြိုက်ခဲ့ဖူးတာပေါ့။ ဆရာ့ရဲ့ ပထမဆုံး ထုတ်ဝေခဲ့တဲ့ "ညီမလေးရယ်" ပြောပြမယ်ဆိုတဲ့ စာအုပ်လေးကို သိပ်သဘောကျ နှစ်သက်လွန်းလို့ ညီလေးကို လက်ဆောင်ပေးခဲ့တယ်။ ကျွန်တော့်ရဲ့ တိုးတက်အောင်မြင်ချင်တဲ့ စိတ်ကို ဒိုင်းကနဲ၊ ဒိုင်းကနဲ ပွင့်သွားအောင် လု