By myanmarkoko on Skatehive
ငရုပ်သီးနဲ့တွေ့တိုင်း ကျွန်တော် အရှုံးပေးရမြဲသာ ဖြစ်သည်။ ငရုပ်သီးကချည်း ကျွန်တော့်ကို အလှဲထိုးနှင့် အနိုင်ရ၏။ သို့ပေမဲ့ သူမကို ချစ်မိရင် နာကျင်ရမှာသိပေမဲ့ ဆက်ချစ်မိသလိုမျိုး ငရုပ်သီးစားရင် ဗိုက်နာမယ်မှန်းသိပေမဲ့ စားမိခဲ့သည်။ တချို့လူတွေ ငရုပ်သီး အများကြီးစားနိုင်တာကိုမြင်ပြီး အံ့ဩမိသည်။ တချို့လူတွေကျပြန်တော့ အချဉ်ကို ခုံမင်ကြသည်။ တချို့က အခါး။ သိုပေမဲ့ ဘာမှ မည်မည်ရရ သူများထက် ထူးပြီးမစားနိုင်သော ကျွန်တော်သည် မိမိကိုယ်ကို သိမ်ငယ်သလိုတောင် ဖြစ်မိသွားသည်။ ဒီမနက် တူမလေးအတွက် ဝယ်လာသော ကြာဇံကြော်ကို တူမလေးက မစားချင်၍ ကျွန်တော်က ထိုကြာဇံကြော်ကို စားခဲ့သည်။ ကြာဇံကြော်ဆိုသည်ကလည်း အချဉ်နဲ့နယ်စားမှ စားလို့ကောင်းသည်။ အချဉ်ကို မမြည်းကြည့်ပဲ ကြာဇံကြော်ထဲ အချဉ်အကုန်ထည့်ကာနယ်လိုက်သည်။ ပြီးမှ စားကြည့်လိုက်တော့ အရမ်းစပ်မှန်း သိခဲ့ရသည်။ မထွေးထုတ်ပဲ ကြိတ်မှိတ်စားသည်။ ဒီတိုင်း လွင့်ပစ်ရမှာ နှမြောသောကြောင့် အကုန်စားပစ်လိုက်သည်။ ပြီးနောက် အစပ်ပြေ ရေအေးသောက်လိုက်သည်။ မကောင်းမှုလုပ်လျှင် ချက်ချင်း အကျိုးမပေးတက်ပေမဲ့ ငရုပ်သီးကတော့ ကျွန်တော့်ကို ငယ်နိုင်ကဲ့သို့ သဘောထားကာ အစွမ်းကုန် အကျိုးပေးတော့သည်။ ဗိုက်နာလာသည်