By suhlaing on Skatehive
မြန်မာ့ Rock နှင့် Heavy Metal လောက၏ ဂန္ထဝင်အဆိုတော်ကြီး ဂျက်ဆန်ထွန်း (Jackson Htun) ကွယ်လွန်သွားခြင်းသည် ဂီတလောကအတွက်သာမက ပရိသတ်များအားလုံးအတွက်ပါ ကြီးမားသော ဆုံးရှုံးမှုတစ်ခု ဖြစ်ပါသည်။ ကျွန်မတို့အားလုံး ချစ်ခင်လေးစားရသော အနုပညာရှင်တစ်ဦးသည် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၉ ရက် (ကြာသပတေးနေ့) ညနေပိုင်းတွင် ဦးနှောက်သွေးကြောပေါက်ဝေဒနာဖြင့် ရုတ်တရက် ကြွေလွင့်သွားခဲ့ရပါသည်။ The passing of Myanmar’s legendary Rock and Heavy Metal singer, Jackson Htun, is a profound loss not only for the music industry but for all his fans. Our beloved artist suddenly passed away on the evening of Thursday, April 9, 2026, due to a ruptured cerebral blood vessel. Image Source ဂျက်ဆန်ထွန်းသည် Metal လောကမှတစ်ဆင့် အောင်မြင်မှုလှေကားထစ်များကို ခိုင်ခိုင်မာမာ တက်လှမ်းလာခဲ့သူ ဖြစ်ပါသည်။ သူ၏ ပြင်းထန်သော အသံပါဝါနှင့် စင်ပေါ်တွင် ဖျော်ဖြေတင်ဆက်မှု (Performance) များသည် ပရိသတ်များ၏ ရင်ကို တုန်ဟည်းစေခဲ့ပြီး မြန်မာ့ Rock လောကတွင် သူ့ကို အစားထိုးမရသည့် နေရာတစ်ခု ပေးထားခဲ့ရပါသည်။ Jackson Htun was an artist who steadily climbed the